Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲမျိုးစုံစျေးမြင့်တက်

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲမျိုးစုံစျေးမြင့်တက်

မကွေးတိုင်း‌ဒေသးကြီး၊ အောင်လံကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းကာလတူ (၃.၈.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေးနှင့်ဝယ်လိုအားကြောင့် ပဲမျိုးစုံစျေးများမြင့်တက်ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်းသိရှိရပါသည်။ ပဲစဉ်းငုံနီ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၉၁ဝဝ)ကျပ်၊ ယခုတစ်ပတ်(၆၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀၉ဝဝ) ကျပ်၊ ပဲတီစိမ်း(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၃၀ဝဝ)ကျပ် ယခုတစ်ပတ်(၄၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၃၀ဝဝ)ကျပ် ယခုတစ်ပတ်(၅၈၀ဝဝ) ကျပ်စျေးဖြစ်သည့် အတွက်(၅၀ဝဝ)ကျပ်၊ ကုလားပဲ(HL) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၂၀ဝဝ)ကျပ် ယခုတစ်ပတ် (၅၆၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက်(၄၀ဝဝ)ကျပ်၊ ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၂၀ဝဝ)ကျပ် ယခုတစ်ပတ် (၅၆၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၄၀ဝဝ)ကျပ်၊  ဘိုကိတ်ပြာ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၃၄၀ဝဝ)ကျပ် ယခုတစ်ပတ်(၃၇၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၃၀ဝဝ)ကျပ်၊ ပဲကြီး(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၇၀၀ဝဝ) ကျပ် ယခုတစ်ပတ် (၇၁၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁၀ဝဝ)ကျပ်တို့ အသီးသီးစျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News